Tuesday, January 8, 2008

ဟဲလို ။ ဟုတ်ကဲ့ မီးစက်ကပါလား ၊ ကျွန်တော်တို့မှာ အခုရက်ပိုင်း မီးအတော်ပျက် နေပါတယ် ခင်ဗျ ၊ အဲတာ ....
အော် ...... ဟုတ်ပါတယ် ၊ နွေရာသီဆိုတော့ ရေမရှိလို့ မီးအလုံအလောက် မပေးနိုင်တာပါ ။


ဟဲလို ။ မီးစက်ကပါလား ၊ ကျွန်မတို့ အပိုင်းမှာ အခုတလော မီးအတော် ပျက်နေပါတယ် ၊ အဲတာ ....
အော် ...... ဒါလား ၊ ဟုတ်ပါတယ် ၊ မိုးရာသီ ဆိုတော့ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်တတ်လို့ အန္တရယ်ရှိတာနဲ့ မဟာ ဓါတ်အားလိုင်း တွေကို ခေတ်တ္တ ပိတ်ထားတာပါ ၊ မိုးအလွန် လေငြိမ်သွားရင် ပြန်ပေးမှာပါ ။



ဟဲလို ။ မီးစက်ကလား ၊ အိပ်ချိန်းရုံးကပါ ၊ အိပ်ချိန်းမှာ အခု မီးပျက်နေတယ် ။
အော် ..... ဖုန်းရုံးကလား ၊ နည်းနည်းကျယ်ကျယ် ပြောပါ ၊ ဒီမှာ ဖုန်းလိုင်းတွေက မကောင်းဝူး ဗျ ။

No comments: