Wednesday, September 5, 2007


ကိုကြီးကျော်နဲ့ လက်ထပ်တယ်ဆိုတာ ကြားဖူးလား၊ ကျွန်တော်တော့ အရင်က ကြားရုံတော့ ကြားဖူးတယ်။ ခုတော့ ဖိတ်စာနဲ့ ဘာနဲ့ ဆိုတော့ တော်တော် အံ့သြရတယ်။ ကြုံမှ မကြုံဖူးတာကိုး....။ ဘယ်လိုများ မင်္ဂလာဆောင်ကြသလဲ ဆိုတာ မြင်ချင်မိတယ်။ ကိုကြီးကျော်က ရှိမှ မရှိတော့ပဲ ... ဘယ်လိုများ မင်္ဂလာဆောင်ကြမှာပါလိမ့်၊ ၀ိဥာဉ်နဲ့လား၊ ဒါဆို ဘာမှ မမြင်ရဘူးပေါ့။ သတို့သမီးကရော .. သူ့ကို မြင်ရမှာလား ...။ နာမည်ကိုက စံခမ်းဝင်မင်္ဂလာပွဲ တဲ့.. ကြက်သီးထဖို့ကောင်းတယ် ....။ အယူဝါဒတွေ တစ်ဖက်စွန်းရောက်တာ မလွန်လွန်းဘူးလား ..။ အစွဲအလမ်း၊ အယူသီးတာတွေ တော်တော် ဆိုးတာပဲ။ နတ်တွေဆိုတာ ကိုးကွယ်ရာမဟုတ်ဘူး၊ မေတ္တာပို့အမျှဝေပေးပါလို့ ဆရာတော်ကြီးတွေကလည်း ပြောတာပဲ ...။ ခုဟာက ကိုးကွယ်ရုံတင် မဟုတ်ဘူး၊ လင်ယောင်္ကျားတစ်ယောက် အနေနဲ့ပါ ကိုကြီးကျော်ကို လက်ထပ်သတဲ့ ... ။ အံသြဖို့တော်တော်ကောင်းတယ်။ အဲဒီဖိတ်စာကို တစ်ခါမှ မမြင်ဖူးလို့ သေချာသိမ်းထားတာ...။ ခု မမြင်ဖူးတဲ့သူ မြင်ဖူးအောင်လို့ တင်ပေးလိုက်ပါတယ်။

No comments: